Battery Health ၁၀၀% ပြန်ဖြစ်အောင် ဘယ်လိုလုပ်ကြတာလဲ? (Technical Side)
Battery Health တိုးပေးတယ်ဆိုတာ တကယ်တော့ Battery အဟောင်းကြီးကို အသစ်ဖြစ်အောင် လုပ်တာမဟုတ်ဘဲ Battery ရဲ့ အချက်အလက် (Data) ကို ပြင်လိုက်တာ ဖြစ်ပါတယ်။ ဒါကို အဆင့် (၂) ဆင့် နဲ့ လုပ်လေ့ရှိပါတယ်။
Battery Tag-on Flex သုံးခြင်း:
iPhone 11 နောက်ပိုင်းတွေမှာ Battery ရဲ့ Original ID ကို ဖုန်းက မှတ်ထားပါတယ်။ Battery အသစ်ပဲလဲလဲ၊ Health ပြင်ချင်ရင်ပဲဖြစ်ဖြစ် Original BMS Board မှာ Tag-on Flex လို့ခေါ်တဲ့ Circuit ပြားလေးတစ်ခု ထပ်ဆင့်ချိတ်ရပါတယ်။ အဲဒီ Flex လေးက ဖုန်းဆော့ဖ်ဝဲလ်ကို "ဒီ Battery က ၁၀၀% ရှိတယ်" လို့ information ပေးပို့လိုက်တာပါ။
Battery Programmer စက်များအသုံးပြုခြင်း:
Trangy, Luban စတဲ့ စက်တွေကို သုံးပြီး Battery ရဲ့ Data တွေကို ဖတ်ပါတယ်။ ပြီးရင် Battery ထဲမှာ မှတ်ထားတဲ့ Cycle Count (အားသွင်းကြိမ်ရေ) ကို "0" ပြန်လုပ်ပြီး၊ Maximum Capacity ကို "100%" လို့ ရိုက်ထည့်ပြင်လိုက်တာ ဖြစ်ပါတယ်။
Battery လဲတဲ့အခါ ဘာကြောင့် အရေးကြီးတာလဲ?
iPhone တွေမှာ Battery အသစ်လဲလိုက်ရင် "Important Battery Message" (Unknown Part) ဆိုပြီး တက်လာတတ်ပါတယ်။ ဒါကို ပျောက်အောင်နဲ့ Health ၁၀၀% ပြန်ပြအောင် -Battery အဟောင်းက Original IC/BMS Board ကို ဖြတ်ထုတ်ပါတယ်။
Battery အသစ် (Cell) မှာ ပြန်ပြီး ခဲဆော် (Spot Welding) လုပ်ပါတယ်။
ပြီးမှ Tag-on Flex နဲ့ Programmer သုံးပြီး Data ပြင်ရပါတယ်။
ဒါမှ ဘာ Message မှ မပေါ်ဘဲ Battery Health မှာကိုယ်ထားထားတဲ့ Percentage ပေါ်မှာဖြစ်ပါတယ်။
နိဂုံးချုပ်တဲ့အနေနဲ့ ဖုန်းကို အကောင်းဆုံး အသုံးချဖို့ဆိုရင် နည်းပညာကို နားလည်ပြီး စနစ်တကျ သုံးစွဲဖို့ပဲ လိုအပ်ပါတယ်။
ဒီလိုမျိုး နည်းပညာဆိုင်ရာ ဗဟုသုတတွေကို ကျွန်တော့်ရဲ့ Website မှာ တင်ပေးသွားမှာဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ Luban/Trangy Battery Programer နဲ့ Battery Tags Model အစုံကို XMax မှာ in Stock ရရှိနိုင်ပါတယ်။
Luban/Trangy Programmer Box ကို အသုံးပြုပြီး Battery Modification ပြုလုပ်ပုံ ကို အောက်ပါ link လေး တွေကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။