ဖုန်းအပေါ်မှန်ခွာ (LCD/OLED Separating) တဲ့နေရာမှာ ကြိုးအမျိုးအစား မှန်ကန်ဖို့လိုသလို၊ အထူအပါး Size (mm) မှန်ကန်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။ မှန်ခွာကြိုး များရဲ့ Size တစ်ခုချင်းစီက ဘယ်လို Screen မျိုးတွေအတွက် အသင့်တော်ဆုံးလဲဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

 

0.026mm ဆိုတာ ဘယ်လိုနေရာမှာ သုံးတာလဲ?

Curved Screen တွေရဲ့ မှန်ခွဲတဲ့အခါ 0.026mm က အံကိုက်ပါပဲ။ Screen အကွေး နေရာတွေမှာ ကြိုးထူရင် Polarizer စားသွားတတ်ပေမယ့် ဒီ Size ကတော့ အကွေးအဆစ်တွေကြားထဲကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။ iPhone 13, 14, 15 Pro Max တို့လို Screen ဘောင်အလွန်ကျဉ်းတဲ့ ဖုန်းတွေမှာ အောက်ခြေကနေ ကြိုးစထည့်တဲ့အခါ 0.026mm ကမှ Frame နဲ့ Screen ကြားထဲကို ချောချောမွေ့မွေ့ ဝင်နိုင်မှာ ဖြစ်ပါတယ်။ မှန်ခွဲရင်း Polarizer ပါသွားလို့ အလွှာလိုက်ကြီး ကွာကျလာတဲ့ ပြဿနာကို ကြုံဖူးကြမှာပါ။ 0.026mm ကို သုံးခြင်းဖြင့် Screen နဲ့ မှန်ကြားက ကော် (Glue) ကိုပဲ တိတိကျကျ ဖြတ်တောက်နိုင်လို့ Polarizer ထိခိုက်မှုကို ၉၉% ထိ ကာကွယ်ပေးနိုင်ပါတယ်။

 

0.03mm ကို ဘယ်လိုနေရာမှာ အသုံးဝင်ဆုံးလဲ?

0.03mm ဆိုတာကတော့ High-end Screen တွေနဲ့ Curved Screen တွေကို အဓိက ကိုင်တွယ်တဲ့ ဆရာတွေအတွက် "Lucky Size" လို့ ပြောလို့ရပါတယ်။ 0.026mm ထက်စာရင် အနည်းငယ် ပိုခိုင်ခန့်ပြီး 0.035mm ထက် ပိုမိုနုစိတ် အသုံးပြုနိုင်ပါတယ်။ Curved Screen ဖုန်းတွေရဲ့ မှန်ခွဲတဲ့အခါ ဘေးဘောင် (Edge) တွေမှာ ကြိုးထူရင် Polarizer ကို ခြစ်မိနိုင်ခြေ ပိုများပါတယ်။ 0.03mm ကတော့ အဲဒီအကွေးတွေကြားထဲကို ဝင်ရောက်နိုင်တဲ့အတွက် Curved Screen ဖုန်းတွေအတွက် အကောင်းဆုံး Size ပါပဲ။ iPhone X ကနေစပြီး နောက်ပိုင်းထွက် OLED Screen တွေဟာ အလွန်ပါးလွှာပါတယ်။ 0.03mm ကြိုးကို သုံးခြင်းဖြင့် Screen ပေါ်ကို သက်ရောက်တဲ့ ဖိအား (Pressure) ကို လျှော့ချပေးနိုင်ပြီး Screen မှာ အမည်းစက် (Black Spot) ဒါမှမဟုတ် လိုင်းထင်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ Frame နဲ့ Screen ကြားထဲမှာ နေရာလွတ် (Gap) အလွန်နည်းတဲ့ ဖုန်းအသစ်တွေမှာ ကြိုးစထည့်တဲ့အခါ 0.03mm က အလွယ်တကူ ဝင်နိုင်ပါတယ်။ ဒါကြောင့် Screen ခွာတဲ့အခါ အစပိုင်းမှာတင် Polarizer စားသွားတာမျိုး လုံးဝမဖြစ်စေပါဘူး။

 

0.035mm ကို ဘာကြောင့် "Standard" လို့ ခေါ်တာလဲ?

0.035mm ဟာ 0.02mm ကြိုးတွေထက် ပိုမိုခိုင်ခံ့ပြီး 0.05mm ထက် ပိုမိုနုစိတ်ပါတယ်။ ဒါကြောင့် သူ့ကို အောက်ပါနေရာတွေမှာ အဓိက သုံးကြပါတယ်။ iPhone 6 ကနေ iPhone 11 အထိ LCD Screen များနဲ့ Android ဖုန်းအများစုရဲ့ Flat Screen တွေခွဲတဲ့အခါ 0.035mm က အလုပ်အတွင်ဆုံးပါပဲ။ အချို့သော ဖုန်းမှန်တွေမှာ ကော်က တော်တော်လေး မာတတ်ပါတယ်။ အဲဒီအခါ 0.026mm လို ပါးတာတွေ သုံးရင် ကြိုးခဏခဏ ပြတ်တတ်ပါတယ်။ 0.035mm ကတော့ ဒီလို Hard Glue တွေကို အားသုံးပြီး ဖြတ်နိုင်လောက်အောင် မာပါတယ်။

                                                                                                       

0.04mm ကို ဘယ်လိုနေရာမှာ သုံးတာလဲ?

အခုနောက်ပိုင်းထွက်တဲ့ Android ဖုန်းတွေရဲ့ OLED Screen တွေနဲ့ အရည်အသွေးမြင့် LCD တွေအတွက် 0.04mm က အသင့်တော်ဆုံးပါပဲ။ Polarizer ကို မထိခိုက်စေဘဲ ဘောင်အတွင်းထဲထိ ချောချောမွေ့မွေ့ ဖြတ်တောက်နိုင်ပါတယ်။ အချို့သော Screen တွေမှာ ကော်အလွှာက တော်တော်လေး စေးကပ်ပါတယ်။ 0.03mm အောက် ကြိုးတွေနဲ့ဆိုရင် ကော်ရဲ့ ဆွဲအားကြောင့် ကြိုးပြတ်သွားနိုင်ပါတယ်။ 0.04mm ကတော့ အဲဒီစေးကပ်မှုကို အားစိုက်ပြီး ဖြတ်နိုင်လောက်အောင် သန်မာပါတယ်။ iPhone 8 Plus အထိ LCD ဖုန်းတွေနဲ့ iPhone XR, iPhone 11 လိုမျိုး LCD အသုံးပြုထားတဲ့ ဖုန်းတွေမှာ 0.04mm ကို သုံးခြင်းဖြင့် အလုပ်အတွင်ဆုံးနဲ့ အမြန်ဆုံး ပြီးမြောက်စေပါတယ်။

 

0.05mm ကို ဘယ်လိုနေရာမှာ သုံးတာလဲ?

ဈေးကွက်ထဲမှာ အသုံးအများဆုံးဖြစ်တဲ့ Entry level နဲ့ Mid-range Android ဖုန်းတွေရဲ့ LCD ခွဲတဲ့နေရာမှာ 0.05mm ဟာ အကောင်းဆုံးပါပဲ။  Flat Screen တွေအတွက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး Size ဖြစ်ပါတယ်။ အချို့သော ဖုန်းတွေမှာ ကော်အထူကြီးတွေ သုံးထားတတ်ပါတယ်။ 0.03mm လို ပါးတာတွေနဲ့ဆိုရင် ကော်မပြတ်ဘဲ ကြိုးပဲ ခဏခဏ ပြတ်နေတတ်ပါတယ်။ 0.05mm နဲ့ကတော့ ဒီလိုကော်မာတွေကို အားစိုက်ပြီး  ဖြတ်တောက်နိုင်ပါတယ်။ Screen ကြီး တဲ့ iPad Mini တို့လို Tablet တွေမှာ ကြိုးပါးပါးသုံးရင် ပွတ်တိုက်မှုဒဏ်ကြောင့် ကြိုးက အမြန်ပြတ်တတ်ပါတယ်။ 0.05mm ကတော့ ကြိုးမျက်နှာပြင် ပိုထူတဲ့အတွက် အပူဒဏ်နဲ့ ဆွဲအားဒဏ်ကို ပိုခံနိုင်ရည်ရှိပါတယ်။

 

0.06mm ကို ဘယ်လိုနေရာမှာ သုံးတာလဲ?

iPad, Tab ဒါမှမဟုတ် တခြား Brand Tablet တွေရဲ့ မှန်ခွာတဲ့အခါ Screen က ကြီးတဲ့အတွက် ကြိုးကို အားစိုက်ပြီး အရှည်ကြီး ဆွဲရပါတယ်။ 0.06mm ဟာ ဒီလို ဆွဲအားဒဏ်ကို အကောင်းဆုံး ခံနိုင်ရည်ရှိတဲ့ Size ဖြစ်ပါတယ်။ ကားတွေမှာပါတဲ့ Touch Screen တွေ ဒါမှမဟုတ်  Monitor တွေရဲ့ မှန်ခွာတဲ့အခါမှာ ကော်အလွှာက ဖုန်းတွေထက် အဆပေါင်းများစွာ ပိုထူပါတယ်။ ဒီလို ခိုင်မာတဲ့ ကော်တွေကို ဖြတ်တောက်ဖို့ဆိုရင် 0.06mm လို မာတဲ့ ကြိုးမျိုးမှသာ အဆင်ပြေမှာပါ။ ဖုန်းမှန်ခွာတဲ့နေရာမှာ အနုစိတ်တာထက် "ကြိုးမပြတ်ဖို့နဲ့ အမြန်ပြီးဖို့" ကို ဦးစားပေးတဲ့ ဆရာတွေအတွက် 0.06mm က လက်စွဲတော်ပါပဲ။ အထူးသဖြင့် ကော်အလွန်မာတဲ့ ခေတ်ဟောင်း Android ဖုန်းတွေကို ခွဲတဲ့အခါမှာ အသုံးဝင်ပါတယ်။

 

0.08mm ကို ဘယ်လိုနေရာမှာ သုံးတာလဲ?

10-inch အထက် Screen တွေကို ခွာတဲ့အခါ ကြိုးကို အရှည်ကြီး ဆွဲရပါတယ်။ 0.08mm ဟာ ကြိုးအသားထူပြီး အရမ်းမာတဲ့အတွက် Screen အဆုံးထိ ရောက်အောင် အားစိုက်ဆွဲနိုင်ပါတယ်။ ကားတွေမှာပါတဲ့ Touch Screen (Car Infotainment) တွေဟာ နေပူဒဏ်ခံနိုင်အောင် ကော် (Glue) ကို အထူကြီး သုံးထားတတ်ပါတယ်။ ဒီလို ခိုင်မာလွန်းတဲ့ ကော်လွှာတွေကို ဖြတ်တောက်ဖို့အတွက် 0.08mm လိုမျိုး အကြမ်းခံတဲ့ ကြိုးကမှသာ အဆင်ပြေမှာပါ။ Old Model Android Tablet တွေမှာပါတဲ့ အရမ်းကပ်တဲ့ ကော်တွေကို ဖြတ်တဲ့အခါ ကြိုးအပါးတွေနဲ့ဆိုအဆင်မပြေပါဘူး။ 0.08mm နဲ့ကတော့ အလွယ်တကူ ဖြတ်နိုင်ပါတယ်။

 

0.1mm ကို ဘယ်လိုနေရာမှာ သုံးတာလဲ?

12-inch Screen အကျယ်ကြီးတွေကို ခွဲတဲ့အခါ ကြိုးအပါးတွေက ပွတ်တိုက်မှုဒဏ်ကို မခံနိုင်ဘဲ ပြတ်သွားတတ်ပါတယ်။ 0.1mm ကတော့ အဲဒီဒဏ်ကို အေးဆေးခံနိုင်ရည်ရှိပြီး တစ်ခါတည်းနဲ့ အပြတ်ဖြတ်နိုင်ပါတယ်။ Car Screen တွေမှာ သုံးထားတဲ့ ကော်တွေက အလွန်မာကျောပြီး စေးကပ်ပါတယ်။ အဲဒီကော်တွေကို ဖြတ်ဖို့ဆိုရင် ကြိုးမှာ "ဖြတ်အား" (Cutting Power) ရှိဖို့ လိုပါတယ်။ 0.1mm ဟာ ဓားသွားတစ်ခုလို ခိုင်မာတဲ့အတွက် အမာဆုံးကော်တွေကိုတောင် အလွယ်တကူ ဖြတ်ကျော်နိုင်ပါတယ်။ မှန်တင်မဟုတ်ဘဲ Screen ရဲ့ တခြား Layer တွေ၊ Backlight Unit တွေ ဒါမှမဟုတ် မာတဲ့ Frame တွေကနေ Screen ကို ခွာတဲ့အခါမှာ အားသုံးပြီး ဆွဲနိုင်ဖို့အတွက် ဒီ Size ကို သုံးပါတယ်။

                                                       

မှန်ခွာကြိုး size အစုံကို XMax မှာ in stock ရရှိနိုင်ပါတယ်။