(Flexible & Durable): ကော်သားက အလွန် ခိုင်ခံ့တဲ့အပြင် ပျော့ပြောင်းမှုလည်း ရှိတာကြောင့် ဖုန်း ပြန်ပြင်ပြီးတဲ့နောက် အသုံးပြုတဲ့အခါမျိုးမှာ ကော်သား အလွယ်တကူ ကွဲထွက်ခြင်း မဖြစ်စေဘဲ ဖုန်းကို ကာကွယ်ပေးနိုင်ပါတယ်။
(Heat and Water Resistant): ဖုန်းထဲက အပူရှိန်ဒဏ်ကို ခံနိုင်ရည်ရှိပြီး ရေဒဏ် (Water-resistant) ကိုလည်း ကာကွယ်ပေးပါတယ်။
(Versatile Use): ဖုန်းပြင်တာအပြင် လက်ဝတ်ရတနာ၊ အိမ်သုံးပစ္စည်း၊ ဖန်နဲ့ ပလတ်စတစ် စတဲ့ ကော်ကပ်ရန် လိုအပ်သည့်နေရာများစွာမှာ အသုံးပြုလို့ အဆင်ပြေပါတယ်။
မှတ်ချက်: ဒီကော်ဟာ ချက်ချင်းခြောက်တဲ့ ကော်မျိုးမဟုတ်ဘဲ၊ ကပ်ပြီးနောက် ဖိအားဖြင့် ညှပ်ထားဖို့ (မိနစ် ၃၀ မှ ၁ နာရီခန့်) အချိန်ပေးရပြီး၊ အကောင်းဆုံး ခိုင်မာမှုရဖို့အတွက် ၂၄ နာရီခန့် လိုအပ်ပါတယ်။