Versatile Repair (ဘက်စုံသုံးနိုင်မှု): Curved Screen များ ခွာခြင်းနှင့် နောက်ဖုံးမှန်ခွာခြင်းများ အပါအဝင် Smartphone Model ၉၉% နီးပါးအတွက် အဆင်ပြေပြေ အသုံးပြုနိုင်ပါသည်။
Dual Heating Control (နှစ်ဖက်အပူပေးစနစ်): အပေါ်ယံရော အောက်ခြေပါ သီးခြားစီ အပူပေးနိုင်သောကြောင့် Screen ခွာရာတွင် ပိုမိုမြန်ဆန်ပြီး ပစ္စည်းထိခိုက်မှု မရှိစေဘဲ စိတ်ချရပါသည်။
Built-in Vacuum Pump (လေစုပ်စက် ပါဝင်ခြင်း): အားကောင်းသော လေစုပ်စနစ် (Vacuum) စက်ထဲမှာတင် တပါတည်း ပါဝင်ပြီးသားဖြစ်၍ အပြင်ကနေ သီးခြား လေစုပ်စက် ထပ်ချိတ်စရာ မလိုဘဲ အလုပ်ရှုပ်သက်သာစေပါသည်။
Electric Clamp (လျှပ်စစ်ညှပ်စနစ်): ဖုန်းကို အလိုအလျောက် တည်ငြိမ်စွာ ညှပ်ပေးထားနိုင်သဖြင့် ပြုပြင်နေစဉ်အတွင်း ရွေ့လျားမှုမရှိဘဲ ထိထိရောက်ရောက်နှင့် ဘေးကင်းစွာ လုပ်ကိုင်နိုင်ပါသည်။
Digital Display (ဒီဂျစ်တယ်မျက်နှာပြင်): အပူချိန်ကို တိကျစွာ ပြသပေးပြီး မိမိစိတ်ကြိုက် အလွယ်တကူ ထိန်းချုပ်ချိန်ညှိနိုင်ပါသည်။