Rapid Heating (အပူတက်မြန်ခြင်း): Polyimide (PI) အပူပေးနည်းပညာကို အသုံးပြုထားလို့ သတ်မှတ်ထားတဲ့ အပူချိန်ကို အချိန်တိုအတွင်း အမြန်ဆုံး ရောက်ရှိစေပါတယ်။
Dual-Layer Silicone (နှစ်ထပ်စီလီကွန်): နူးညံ့ပြီး အပူဒဏ်ခံနိုင်တဲ့ စီလီကွန်သားကို အသုံးပြုထားပါတယ်။ လိပ်ထားတာပဲဖြစ်ဖြစ်၊ လိမ်လိုက်တာပဲဖြစ်ဖြစ် ပုံစံမပျက်ဘဲ ခိုင်ခံ့မှုရှိပါတယ်။
Smart Temperature Control (စမတ်အပူချိန်ထိန်းစနစ်): ကြည်လင်ပြတ်သားတဲ့ LCD မျက်နှာပြင် ပါဝင်တဲ့အပြင် မိမိအသုံးများတဲ့ အပူချိန်တွေကို CH1/CH2/CH3 ဆိုပြီး မှတ်ဉာဏ် (Memory) ၃ ခုအထိ မှတ်ထားနိုင်လို့ အလုပ်လုပ်ရတာ ပိုမြန်ဆန်စေပါတယ်။
Magnetic Storage (သံလိုက်စုပ်ခွက်): စက်ပေါ်မှာတင် သံလိုက်စုပ်ခွက်လေးတွေ ပါဝင်လို့ ဖုန်းဖြုတ်တဲ့အခါ ဝက်အူ (Screws) လေးတွေ ပျောက်ရှမသွားအောင် စနစ်တကျ သိမ်းဆည်းထားနိုင်ပါတယ်။
Integrated Tools (တိုင်းတာရေးပေတံ): အလုပ်လုပ်နေရင်း လိုအပ်တာတွေကို ချက်ချင်းတိုင်းတာနိုင်ဖို့အတွက် Mat ရဲ့ မျက်နှာပြင်ပေါ်မှာတင် စင်တီမီတာပေတံကို တပါတည်း ထည့်သွင်းပေးထားပါတယ်။