Features
ခဲပြန်တင်လို့ရအောင် လုပ်ပေးတယ် (Re-tinning): ခဲစွန်းက သံချေးတက်ပြီး အမည်းစွဲနေရင် ခဲတင်လို့ မရတော့ဘူး။ FH01 ကို သုံးလိုက်တဲ့အခါ ခဲစွန်းမျက်နှာပြင်က သန့်စင်သွားပြီး ခဲသားတွေ ကောင်းကောင်းပြန်ကပ် လာအောင် ကူညီပေးတယ်။ ဒါဆို ခဲစွန်းအသစ်တစ်ချောင်းလို ပြန်လည်အသုံးပြုနိုင်ပါတယ်။
ခဲစွန်းသက်တမ်းကို ရှည်စေတယ်: ခဲစွန်းတွေ မည်းညစ်လို့ လွှင့်ပစ်ရမယ့်အစား ဒီဆေးခဲနဲ့ ပြန်လည်ပြုပြင်ခြင်းဖြင့် ခဲစွန်းရဲ့ သက်တမ်းကို သိသိသာသာ ရှည်လျား စေပါတယ်။
Usage
အပူပေးပါ: ခဲဆော်တံကို ပုံမှန်ခဲဆော်တဲ့ အပူချိန် (300 Degree ဝန်းကျင်) လောက်အထိ အပူပေးပါ။
နှစ်ပေးပါ: အမည်းစွဲနေတဲ့ ခဲစွန်းရဲ့ ထိပ်ဖျားကို ဒီ FH01 ဆေးခဲထဲမှာ ခဏတာ ထိုးနှစ်ပါ သို့မဟုတ် ပွတ်ဆွဲပါ။
သန့်ရှင်းပါ: ပြီးရင် ရေစိုခံ(Sponge) နဲ့ သန့်ရှင်းရေးလုပ်ပါ။
ခဲပြန်တင်ပါ: ခဲစွန်းမျက်နှာပြင်မှာ တောက်ပတဲ့ ခဲသား လွှာလေး ကပ်နေအောင် ခဲသားအသစ်နဲ့ ပြန်တင်ပေးလိုက်ပါ။